Saturday, 2 July 2011

[Big Brothers & Sisters] ဖားကန့်ဒေသ ရေလျှံမှု လူထုအခက်အခဲဖြစ် .

ဖားကန့်ဒေသ ရေလျှံမှု လူထုအခက်အခဲဖြစ် . စနေနေ့၊ ဂျူလိုင်လ 02 ရက် 2011 ခုနှစ် အားမီ သတင်း - သတင်းနှင့်မီဒီယာကွန်ယက် .  မြန်မာနိုင်ငံရှိ ကျောက်စိမ်း အများအပြား ထွက်ရှိရာ ကချင်ပြည်နယ်၊ဖားကန့်မြို့ အပါအ၀င်ဒေသတွင်း ရှိ ကျောက်စိမ်း မှော်များတွင် ယမန်နေ့က ရေလျှံမှု ဖြစ်ပွားခဲ့ပြီး ဒေသခံများ အခက်အခဲဖြစ်နေကြ သည်။ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သည့် စီးပွားရေးသမားများက မြေစာများ စည်းကမ်းမဲ့စွာ စွန့်ပစ်မှုကြောင့် ဥရုချောင်းရေ လျှံကျလာခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတဦးက ယခုလိုပြောသည်။
Burma Freedom 02 July 23:12
ဖားကန့်ဒေသ ရေလျှံမှု လူထုအခက်အခဲဖြစ် .
စနေနေ့၊ ဂျူလိုင်လ 02 ရက် 2011 ခုနှစ် အားမီ သတင်း - သတင်းနှင့်မီဒီယာကွန်ယက် .

မြန်မာနိုင်ငံရှိ ကျောက်စိမ်း အများအပြား ထွက်ရှိရာ ကချင်ပြည်နယ်၊ဖားကန့်မြို့ အပါအ၀င်ဒေသတွင်း ရှိ ကျောက်စိမ်း မှော်များတွင် ယမန်နေ့က ရေလျှံမှု ဖြစ်ပွားခဲ့ပြီး ဒေသခံများ အခက်အခဲဖြစ်နေကြ သည်။ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သည့် စီးပွားရေးသမားများက မြေစာများ စည်းကမ်းမဲ့စွာ စွန့်ပစ်မှုကြောင့် ဥရုချောင်းရေ လျှံကျလာခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတဦးက ယခုလိုပြောသည်။
"ဒီမှာရှိတဲ့ အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေအားလုံးက ရွှေမှော်ကပဲဖြစ်ဖြစ်၊ ကျောက်စိမ်းတွင်းတွေကပဲ ဖြစ်ဖြစ် မြေစာတွေကို ဒီဥရုချောင်းကိုပဲ လာပစ်တာလေ။ အခု ဒီလိုဖြစ်တာက ကုမ္ပဏီတွေရဲ့ပေါ့ဆမှု ပေါ့ကွာ၊ ကုမ္ပဏီတွေက မြေစာတွေကို ဒီဥရုချောင်းထဲကိုပဲ စည်းမရှိ ကမ်းမရှိပစ်ကြ၊ အဲ့ဒီကုမ္ပဏီတွေက အမှိုက်တွေဆိုလဲ အဲ့လိုပဲ ချောင်းထဲပဲလာပစ်တော့
ရေလမ်းကြောင်းတွေပိတ်ကုန်တာပေါ့။"
ယင်း ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ(၃၀၀၀)ကျော် ရေနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရကြောင်း "ရေကြီးတာက မနေ့မနက် (၈)နာရီလောက်ကနေ စကြီးတာ၊ အိမ်ခြေကတော့ တွက်လို့ကိုမရဘူး၊ လုံးခင်းတရွာလုံး၊ ဖားကန့်တမြို့လုံး၊ ဆိတ်မူရွာတရွာလုံး၊ နောက်ပြီး တခြားမှော်တွေရော အကုန်လုံး ဆိုတော့ အိမ်ခြေက အနည်းဆုံး ၃၀၀၀ ကျော်အထက်မှာ ရှိလောက်တယ်။ အကုန်လုံးပဲ ရေကြီးတာ။ အိမ်တွေ၊ ဈေးဆိုင်တွေ အကုန်မြုပ်တော့ သိန်းပေါင်းမနည်းဘူးထောင်ချီဆုံးရှုံး မှုရှိနိုင်တယ်။" ဟု ဒေသခံက ဆက်ပြောသည်။ ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်က စတင်၍ ရေလျှံတက်လာပြီး ယနေ့နံနက်ပိုင်း(၂) နာရီအချိန် ခန့်တွင် အနည်းငယ်သာ လျော့ကျခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

"အခုကမြို့လမ်းမပေါ်မှာ လူက ခြေထောက်မထောက်မီတော့ဘူး။ မြို့ပေါ်မှာတောင် ဝါးတပြန်စာ လောက် ရှိနေတာကိုး။ ချောင်းနားတဝိုက်တော့ ပြောမနေနဲ့တော့ အခုက တမြို့လုံးကရေပြင်ပဲ။ ဒီနှစ်ရေကြီးတာက အဆိုးဆုံးပဲ၊ ရေအရမ်းကြီးခဲ့တဲ့ ၁၉၉၄ တို့၊ ၂၀၀၉ တို့ထက်ကို စံချိန်က ချိုးတာ။" ရေကြီးမှုကြောင့် လူအသေအပျောက်၊ အထိအခိုက် စာရင်းမသိရသေးသော်လည်း ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများအား ရပ်ကွက်အသီးသီးရှိ နီးစပ်ရာဘုန်းကြီးကျောင်းများနှင့် တောင်ကုန်းပေါ်ရှိ နေအိမ်များတွင် ပို့ဆောင်နေရကြောင်း သိရသည်။ ဒေသ အာဏာပိုင်အဖွဲ့မှ လူအချို့က ယနေ့နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုခဲ့ သော်လည်း အခက်အခဲများ ကို ကူညီဖြေရှင်းပေးခြင်းမရှိသေးကြောင်း သိရသည်။ သို့သော် ဘေးလွတ်ရာသို့ ရောက်ရှိနေသူများက အစားအစာနှင့် သောက်ရေများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် လိုက်လံဝေငှ ပေးကြသည်ဟု ဒေသခံက ပြောသည်။
အလားတူ ယနေ့နံနက်(၈) နာရီအချိန်ခန့်က ဖားကန့်မြို့နယ်ရဲစခန်းဝင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်မိသားစုများ နေထိုင်ရာ အိမ်တန်းလျားတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မိသားစု(၃၀) ခန့်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည် ဟု သတင်းရရှိသည်။ သို့သော် ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်ကိုမသိရ သေးပါ။
..

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment