Friday, 1 July 2011

[Freedom from Fear 2] ပိုင်ရှင်နှိပ်စက်မှု ခလေး အလုပ်သမား ဆေးရုံတင်ထားရ

ပိုင်ရှင်နှိပ်စက်မှု ခလေး အလုပ်သမား ဆေးရုံတင်ထားရ 2011-07-01  ဟင်္သာတမြို့ ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့ You and Me လဘက်ရည်ဆိုင်မှာ အလုပ်သမား အဖြစ် အလုပ် လုပ်ကိုင်နေရတဲ့ အသက် ၉ နှစ် အရွယ် မိဘမဲ့ ခလေး တစ်ဦးဟာ ဆိုင်ပိုင်ရှင်ရဲ့ အပြင်းအထန် ညှဉ်းပန်း နှိပ်စက်မှုကို ခံခဲ့ရတဲ့ အတွက် ဟင်္သာမြို့ ဆေးရုံကြီးမှာ တင်ထားရကြောင်း စုံစမ်း သိရှိရပါတယ်။  ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ခလေး အလုပ်သမား မောင်ထိပ်ကွက်ဟာ သူ့ရဲ့ ဆွေမျိုးသားခြင်းတွေ ရှိရာကို သွားလည်တဲ့ အတွက် ဆိုကာ ဆိုင်ပိုင်ရှင် စနိုး ခေါ် ဦးထက်မူးဌေးဝင်း က လိုက်လံ ခေါ်ယူပီး ၂၅ ရက်နေ့  ကနေ ၂၆ ရက်နေ့ အထိ လက်ပြန်ကျိုးတုပ်ကာ ထုပ်တန်းမှာ ကျိုးနဲ့ဆွဲချီထားပြီး ရိုက်နှက်ခဲ့ သလို လျှပ်စစ်မီးပူနဲ့ ခန္ဓာကိုယ်အနှံ တို့ ခဲ့တဲ့အ တွက် ခလေးမှာ တစ်ကိုယ်လုံး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပီး မောင်ထိပ်ကွက်ကို သိရှိတွေ့မြင်ခဲ့ရတဲ့ မျက်မြင်သက်သေတစ်ဦးက ပြန်ပြောပြ ပါတယ်။  ၂၆ ရက်နေ့ မှာ ဦးထက်မှူးဌေးဝင် မရှိခင် သူ့ရဲ့ဇနီးသည်က ကြိုးဖြေပေးခဲ့တဲ့ အတွက် ခလေးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အခြားအိမ်တစ်အိမ်ကို ၀င်ရောက် အကူအညီ တောင်းခဲ့တဲ့အတွက် ၂၇ ရက်နေ့ကျမှ ဆေးရုံကို တင်နိုင်ခဲ့ပါတယ်။  မောင်ထိပ်ကွက်ရဲ့ တင်ပါးနှစ်ဘက်၊ ပေါင်၊ ၀မ်းဗိုက်တွေမှာ မီးပူဒါဏ်ကြောင့် ဒါဏ်ရာ ပြင်းထန်စွာ ရရှိထားကြောင်း၊ ဒါ့အပြင် သံကြိုးနဲ့ ရိုက်နှက်ခဲ့တဲ့ အတွက် ခြေထောက်နဲ့ နောက်ကျောဘက်တွေမှာလည်း ဒဏ်ရာတွေ ရရှိထားကြောင်း မျက်မြင်သက်သေတွေက အာအက်အေကို ပြောပါတယ်။  ဆိုင်ပိုင်ရှင် စနိုးခေါ် ဦးထက်မူးဌေးဝင်း ကို ပုဒ်မ ၃၂၆ မသေမခြင်း ညှဉ်းပန်း နှိပ်စက်မူနဲ့ ရဲက အမှုဖွင့် ဖမ်းဆီးထား ကြောင်းသိရပါတယ်။  Copyright © 1998-2011 Radio Free Asia. All rights reserved.
Lin Htein 01 July 21:34
ပိုင်ရှင်နှိပ်စက်မှု ခလေး အလုပ်သမား ဆေးရုံတင်ထားရ
2011-07-01

ဟင်္သာတမြို့ ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့ You and Me လဘက်ရည်ဆိုင်မှာ အလုပ်သမား အဖြစ် အလုပ် လုပ်ကိုင်နေရတဲ့ အသက် ၉ နှစ် အရွယ် မိဘမဲ့ ခလေး တစ်ဦးဟာ ဆိုင်ပိုင်ရှင်ရဲ့ အပြင်းအထန် ညှဉ်းပန်း နှိပ်စက်မှုကို ခံခဲ့ရတဲ့ အတွက် ဟင်္သာမြို့ ဆေးရုံကြီးမှာ တင်ထားရကြောင်း စုံစမ်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ခလေး အလုပ်သမား မောင်ထိပ်ကွက်ဟာ သူ့ရဲ့ ဆွေမျိုးသားခြင်းတွေ ရှိရာကို သွားလည်တဲ့ အတွက် ဆိုကာ ဆိုင်ပိုင်ရှင် စနိုး ခေါ် ဦးထက်မူးဌေးဝင်း က လိုက်လံ ခေါ်ယူပီး ၂၅ ရက်နေ့  ကနေ ၂၆ ရက်နေ့ အထိ လက်ပြန်ကျိုးတုပ်ကာ ထုပ်တန်းမှာ ကျိုးနဲ့ဆွဲချီထားပြီး ရိုက်နှက်ခဲ့ သလို လျှပ်စစ်မီးပူနဲ့ ခန္ဓာကိုယ်အနှံ တို့ ခဲ့တဲ့အ တွက် ခလေးမှာ တစ်ကိုယ်လုံး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပီး မောင်ထိပ်ကွက်ကို သိရှိတွေ့မြင်ခဲ့ရတဲ့ မျက်မြင်သက်သေတစ်ဦးက ပြန်ပြောပြ ပါတယ်။

၂၆ ရက်နေ့ မှာ ဦးထက်မှူးဌေးဝင် မရှိခင် သူ့ရဲ့ဇနီးသည်က ကြိုးဖြေပေးခဲ့တဲ့ အတွက် ခလေးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အခြားအိမ်တစ်အိမ်ကို ၀င်ရောက် အကူအညီ တောင်းခဲ့တဲ့အတွက် ၂၇ ရက်နေ့ကျမှ ဆေးရုံကို တင်နိုင်ခဲ့ပါတယ်။

မောင်ထိပ်ကွက်ရဲ့ တင်ပါးနှစ်ဘက်၊ ပေါင်၊ ၀မ်းဗိုက်တွေမှာ မီးပူဒါဏ်ကြောင့် ဒါဏ်ရာ ပြင်းထန်စွာ ရရှိထားကြောင်း၊ ဒါ့အပြင် သံကြိုးနဲ့ ရိုက်နှက်ခဲ့တဲ့ အတွက် ခြေထောက်နဲ့ နောက်ကျောဘက်တွေမှာလည်း ဒဏ်ရာတွေ ရရှိထားကြောင်း မျက်မြင်သက်သေတွေက အာအက်အေကို ပြောပါတယ်။

ဆိုင်ပိုင်ရှင် စနိုးခေါ် ဦးထက်မူးဌေးဝင်း ကို ပုဒ်မ ၃၂၆ မသေမခြင်း ညှဉ်းပန်း နှိပ်စက်မူနဲ့ ရဲက အမှုဖွင့် ဖမ်းဆီးထား ကြောင်းသိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment