Monday, 4 July 2011

[လွပ်လပ်ခြင်း] New doc: စိတ်ကူးနဲ့လက်တွေ့ဘဝ

created the doc: "စိတ်ကူးနဲ့လက်တွေ့ဘဝ"
Htet Aung created the doc: "စိတ်ကူးနဲ့လက်တွေ့ဘဝ"

ဘယ်လိုအကြောင်းအရာမျိုးဘဲ ဖြစ်ဖြစ် စိတ်ကူးနဲ့လက်တွေ့ဘဝ ကွာခြားတယ်ဆိုတဲ့ အကြောင်းကို ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ နိုင်ငံရေး သမားများ သိစေရန် အသိပေး ရခြင်းဖြစ်ပါတယ်။

 

စာရေးသူကိုယ်တိုင် နှစ်ဖက်အနေအထားကို ဆယ်စုနှစ် ကျော်ကျော် သိခဲ့လို့လဲ တဖက်အနေအထားအရ ဒီဖက်ကို မလာကြဖို့ ပြော ချင်ပါတယ်။ တတိယနိုင်ငံတွေကို မုသားတွေသုံးပြီးရောက်သွားကြတဲ့ လူတွေ ဒီပဲယင်းကစခဲ့တယ်။ သံဃာတော်များဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး မှာတော့ တကယ် ကိုယ်ကျိုး စွန့်ခဲ့သူတွေရှိခဲ့ပါတယ်။ UNHC ကအားခြင်း တတိယနိုင်ငံတွေကိုပို့ပေး လိုက်တယ်။ အဲ့ဒီအချိန်မှာ ပြည်တွင်းကို ဆက်သွယ်ကာ ဝင်လာမစဲ တသဲသဲ ဖြစ်ပြီး သံဃာအရေးအခင်း စာအုပ်တွေ အလွတ်ကျက် ဖြေတဲ့ သူတော်တော်များများ စာမေးပွဲအောင်ကြသတဲ့ ။ (ပြည်တွင်းမှာသေဆုံးသွားကြတဲ့လူတွေကို)တချက်လောက်ငဲ့ကြည့်ပါအုံး။

 

၂၀၀၀ပြည့်နှစ်လောက် ကတည်းက နယ်စပ်မှာ ရှိနေကြတဲ့ (သစ္စာရှိတဲ့) နိုင်ငံရေးသမားတချို့ အကြောင်းပြောပြချင်ပါတယ်။ အဲ့ဒီအချိန်က ထိုင်းနယ်စပ်မှာ လက်မှတ်မရှိရင် အပြင်မထွက်ဝံ့အောင် ဖမ်းပါတယ်။ အဖွဲ့ဝင် လူကြီးတချို့မှာသာ လက်ကိုင်ဖုန်းနဲ့ လက်မှတ်ရှိတယ်။၂၀၀၃ခုနှစ်ကုန်ခါနီးမှာတောတွင်းနေ အဖွဲ့ပေါင်းစုံ ကလည်း မြို့ပေါ်တက်လာကြတော့ UNHCR ကပေးတဲ့ လက်မှတ်နဲ့နေကြရတယ်။

 

အဲ့ဒီတုံးကUNကတတိယနိုင်ငံကိုထွက်ကြဖို့ပြောပေမဲ့ ဒီမိုကရေစီ ရရင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်မယ်ဆိုပြီး မဖြစ် ဖြစ်တဲ့နည်းနဲ့ တွယ်ကပ်နေကြတယ်။ တခါတရံလဲ လက်မှတ်ရှိလျက် အဖမ်းခံရတာမျိုးလဲရှိတယ်။ နိုင်ငံရေးအဖွဲ့ဝင် ဆိုတာ လက်ချိုးရေလို့ ရတဲ့ အနေအထား မှာရှိပါသေးတယ်။ UNHCR ကသာ နေထိုင်ခွင့်လက်မှတ်မပေးခဲ့ရင် အင်းစိန်ထောင်ပြည့်လောက်ပါပြီ။

 

(မှတ်ချက်)လူကြီးမိန်းမတချို့မှာ နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားပါတယ် ။ မြန်မာပြည်ကျန်နေတဲ့ မိသားစုတွေလဲ ချမ်းသာ ကုန်ကြတယ်။ သူတို့နဲ့ပတ်သက်တဲ့ တစ်ဆွေလုံးတစ်မျိုးလုံး နိုင်ငံခြားကိုရောက်ကုန်ကြတယ်။

 

အဲ့ဒါ….တစ်မျိုးသားလုံးရှင်သန်ထက်မြက်ရေးနဲ့ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မား ရေး ဆိုတဲ့ (နအဖ)ရဲ့ဆောင်ပုဒ် ကိုလက်ကိုင်ထားတဲ့ နိုင်ငံရေးသမားများဖြစ်ပါတယ်။

 

ဒါကြောင့်….

ပြည်တွင်းက အကြောင်းအမျိုးမျိုးကြောင့်ထွက်လာချင်သူများကို ပြောလိုက်ပါရစေ။

 

ပြည်တွင်းမှာ တကယ်နေလိုမရလို့ ထွက်လာတဲ့သူတွေ ရှိခဲ့ပါတယ်။ မဟုတ်မခံသူဆိုမြို့ပေါ်မှာ နေခွင့်မရပါဘူး။ တောထဲပို့ခံရတာပါဘဲ ပြန်လို့လဲ မရတော့ တချို့ဆို ပြန်သွားလို့ အဖမ်းခံရတာတွေရှိခဲ့ပါတယ်။ အစည်းအဝေးတစ်ခုမှာ ပြည်တွင်းက ရောက်လာကြတဲ့ နိုင်ငံရေးသမားအသစ်တွေကို နယ်စပ်မှာအရင်ရောက်နေတဲ့ (တာဝန်ခံ)ယောက်က အဖွဲ့ဝင်တယောက် ဖြစ်ဖို့(၆) လစောင့်ကြည့်ရအုံးမယ်တဲ့။

နောက်ဆုံးပြောလိုက်တဲ့ စကားတခွန်းကတော့ "ဒေါ်အောင်ဆန်းစုကြည် ဆိုရင်တောင် စောင့်ကြည့် ရအုံးမယ်"လို့ ကြီးကြီး ကျယ် ကျယ် ပြောသွားတဲ့သူတွေက အခု လက်မှတ်မျိုးစုံ ကိုင်ဆောင်ထားတဲ့သူတွေ နဲ့ နေရာပျောက်လို့ နိုင်ငံခြား ထွက်သွားကြတဲ့ သူ တွေလဲရှိပါတယ်။

မမှန်တဲ့သူတွေ နောက်ဆုတ်ပြီး မှန်တဲ့သူတွေရှေ့တက်ဖြစ်နေကြပြီဆိုတာ ပြည်တွင်းမှာရှိတဲ့ သူများ သိစေချင်လွန်းလို့ ရင်ဖွင့်လိုက် ရပါတယ်။တကယ်လို့လာချင်ရင် အောက်ပါအချက်တွေ လေ့လာစဉ်းစားပါ လို့ပြောချင်တယ်။

 

(၁)မိဘ၊ညီအစ်ကို၊မောင်နှမ နိုင်ငံခြားရောက်နေပြီလား

 

(၂)စပွန်ဆာတောင့်ရဲ့လား

 

(၃)တောထဲက ဒုက္ခသည်စခန်းမှာ(၅)နှစ်လောက်စောင့်ရင်းစားဖို့ငွေရှိရဲ့လား….

 

နိုင်ငံခြားက အပေါင်းအသင်းတွေရဲ့ ဓါတ်ပုံတွေကြည့်ပြီး စိတ်ကူးမလွဲဖို့နဲ့ နိုင်ငံခြားထွက်ဖို့ ခက်ခဲကြောင်း ပြောလိုက်ပါရစေ။

စကားပုံ ရိုင်းသွားရင် စာဖတ်သူများကို တောင်းပန်ပါတယ်။

အိမ်ထောင်ပြု ဖူးသူက မပြုရသေးတဲ့သူကို အိမ်ထောင် မပြုပါနဲ့တဲ့ အဲ့ဒီစကားလိုဘဲ လက်တွေ့ ကြုံဖူးချင်ရင် လာခဲ့ကြပါ ။

 

( ကိုယ်တွေ့ကြုံဖူးသူမို့ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး တင်ပြပေးလိုက်တာပါ။)

အကျဉ်းသူဟောင်းတစ်ဦး

-------------------------

ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ကတိပျက်ခဲ့သလား

 

"အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့" ဆောင်းပါးနှင့် သက်ဆိုင်သည့် "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်မှ အမေးအဖြေတခု လုပ်တာ တွေ့ လို့ အမှား အမှန် ဆင်ခြင် နိုင်အောင်ဖော်ပြ လိုက်ပါတယ်။(သူရိယ)

-------------------------

ဒေါက်တာလွဏ်းဆွေ ဆောင်းပါးထဲမှ ရေးသားချက်များပါ အာဇာနည်နေ့ ချီတက်ပွဲအစီအစဉ်နှင့် ပတ်သက်၍ …

 

"ဒီလို အပိုင်ဂိုးသွင်းခွင့် နှစ်ကြိမ် ထပ်မံဆုံးရှုံးရတာဟာ တနည်းအားဖြင့်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လူ ပေါင်းမှားခဲ့တာနဲ့ ဆိုင်တယ်လို့လည်း သွယ်ဝိုက်ပြောလို့ရတယ်။

 

သို့သော်လည်းပဲ လူပေါင်းမှားရကောင်းလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဖို့ချင်လို့တော့ မဖြစ်ချေ ဘူး။ "တိုင်းပြည်ရဲ့ ကံကြမ္မာကိုက ဆိုးလွန်းလှပါတယ်ကွယ်" လို့ပဲ ငိုချင်းချရမယ့် အနေအထားပေါ့။ ဘာဖြစ် လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကို ပြန်ပြီး နိုင်ငံရေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်ပြင်ဆင်ဆင်လုပ်ပြီး လာတာမှ မဟုတ်တာ။ ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ပြုစုစောင့် ရှောက်ဖို့ ပြန်လာတုန်း ၈၈ အရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးပြီး အခြေအနေ၊ အချိန် အခါရဲ့ တောင်းဆိုချက် အရ နိုင်ငံရေးလောကထဲ ဗြုန်းစားကြီး ခုန်ဆင်းလာတာဆိုတော့ သူ့နားလာကပ်တဲ့ ဘောင်းဘီချွတ်တွေဆို တာ ဘယ်သူဘယ်ဝါတွေမှန်း သေသေချာချာ လေ့လာချိန်မရလိုက်ဘဲ NLD ကို ဖွဲ့ခဲ့ရတာကိုး။

 

တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွင်းထဲကို အသင်းခေါင်းဆောင်လက်ပတ် ပတ်ပြီး ၀ုန်းကနဲ ပြေးဝင်လာပေမယ့် ကိုယ်နဲ့ တွဲကစားရမယ့် လူတွေရဲ့ အထာနဲ့ ခြေကို ကောင်းကောင်းမသိတော့ ကစားလို့ အတွဲမမိနိုင် ဖြစ်ရတော့တာပေါ့ (ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ဘောလုံးကစားတတ်လား၊ မကစားတတ် ဘူးလား ဆိုတာကိုလည်း အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင် မသိခဲ့ရိုးအမှန်ပါ။ "ဒို့ဗိုလ်ချုပ်သမီးကွ" ဆိုပြီး တော့ပဲ ၀မ်းသာအားရ စောင့်ကြည့်အားပေးခဲ့တာပါ)။ အတွဲမမိတာ ဘယ်မှာ စ,ပေါ် လဲဆိုတော့ ၁၉၈၉ အာ ဇာနည်နေ့ချီတက်ပွဲလုပ်ဖို့ အခြေအတင်ဆွေးနွေးရာမှာ စ,ပေါ်တော့တာပဲ (ဒါကလည်း အပြင်ကို ပေါက် ထွက် လာတဲ့ ခိုးဖမ်းထားတဲ့ အစည်းအဝေးတိတ်ခွေကို အသိတယောက်ဆီကတဆင့် နားထောင်လိုက်ရလို့ သိတာ ပါ)။ ခါးမှာသေနတ်မရှိတော့တဲ့ အဲဒီဘောင်းဘီချွတ်ကြီးတွေက ကြောက်စရာရှိရင် သာမာန်ပြည်သူတွေထက် ပိုကြောက်တတ် တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သိခဲ့ပုံမရဘူးလို့ထင်မိရဲ့။

 

အဲဒီလိုနဲ့ အာဇာနည်နေ့ ချီတက်ဖို့ အကြိတ်အနယ် ငြင်းခုံဆွေးနွေးရင်း ချီတက်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစု ကြည်က တဘက်၊ န၀တစစ်အုပ်စုက ခြောက်လှန့်အင်အားပြနေတာကို ကြောက်ဒူးတုန်နေကြတဲ့ ဘောင်းဘီ ချွတ်ကြီးတွေက တဘက် ဖြစ်ကုန်တယ် (အသံတိတ်ခွေကို နားထောင်ရတာမို့ အဲဒီဆွေးနွေးပွဲမှာ ပုဂ္ဂိုလ်ရေး အရ ကျနော် လေးစားသမှုရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ပါမပါတော့ သေချာမမှတ်မိတော့ပါ။

ပါတယ်ဆို ရင်လည်း အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ "အန်ကယ်တို့ ဒီလောက်ကြောက်တတ်ရင် ထ မီ ၀တ်ထားကြ" ဆိုတဲ့ စကားအတွက် မျက်နှာပူစရာ။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးနဲ့ ပတ်သက်လို့ လည်း ဦးနု အစိုးရကြေညာချိန်မှာ ကာကွယ်ရေးဝန်ကြီးနေရာ ပေးထားတာကို ၀န်ကြီးအဖွဲ့ထဲကနေ အရင်ဆုံး နှုတ်ထွက် သွားတယ်လို့ ကြားရတော့ ကြောက်တတ်လို့ နှုတ်ထွက်သွားများတာလားဆိုပြီး ကျနော် စိတ်မကောင်းဖြစ်ရ ဖူးတယ်)။ အဲဒီအစည်းအဝေးမှာ ဘောင်းဘီချွတ်တွေက ဒေါ်အောင် ဆန်းစုကြည်ကို "ငယ်သေးတယ် ကလေး ရယ် စားကြိုးစားဦးကွယ်၊ စစ်တပ်အကြောင်း ညည်းကလေး ဘာမှမသိသေးပါဘူး" ဆိုတဲ့ ခပ်ထေ့ထေ့ ရယ် သံမျိုးနဲ့ ၀ိုင်းဟားနေကြတဲ့ အသံတွေကို ကျနော့်နားထဲ အခုထိ ကြားယောင်နေတုန်း။

 

အဲဒီမှာတင် အာဇာနည်နေ့ ချီတက်ပွဲကို နီးမှ ကပ်ဖျက်လိုက်တော့ စောင့်စားနေတဲ့ အန်အယ်လ်ဒီသစ္စာခံ နောက်လိုက်နောက်ပါတွေ ဒုက္ခလှလှ တွေ့ကုန်တော့တာပေါ့။ ပြေးသူပြေး၊ အဖမ်းခံရသူခံရ၊ ထောင်ထဲဝင်သူ ၀င်ရနဲ့ ဘ၀ပျက်ကုန်ကြတော့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ချီတက်မယ်လို့ကြေညာထားတဲ့ 'ခေါင်း ဆောင်ကတိ' မတည်သလို ဖြစ်တာပေါ့။ အဲဒီနောက်ပိုင်းမှာ န၀တစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေ အိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းလိုက်ပြီး တတ်သိပညာရှင်အုပ်စုက လူတွေ တော် တော်များများကိုလည်း အ ကြောင်းအမျိုးမျိုးပြ ဆွဲစေ့လိုက်လေတော့ ကြောက်တတ်တဲ့ ဘောင်းဘီချွတ် ဗဟိုကော်မတီဝင် ကြီး များက သာ အန်အယ်လ်ဒီကို ဦးဆောင်ခြယ်လှယ်ခွင့်ရခဲ့တော့တယ်။" (ဆောင်းပါး - အပိုင်း ၂ မှ …)

 

---------------------

ဆောင်းပါးထဲမှ ရေးသားချက်များ ပါအချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည် အဖြေစကား

 

ကိုလှနိုင် ။ ။ ကျနော်ကတော့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတဦးပါ။ ဒေါ်အောင်ဆန်းစု ကြည်လည်း ပုဂ္ဂိုလ်ရေးရာ အရရော တကယ်လေးစားမှုအရရော ယုံကြည်လေးစားတဲ့သူတယောက်ပါ။ အခု အင်တာနက်အွန်လိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ဒေါက်တာလွဏ်းဆွေက ဆောင်းပါး ရေးပြီးတော့ (တိုက်ခိုက်တဲ့ ဆောင်းပါးလို့ပဲ ပြောရမှာပေါ့) … ဒေါက်တာလွဏ်းဆွေ ရေးထားတဲ့အထဲမှာ ဒေါ် အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ကတိပျက်ခဲ့တယ် ဆိုတဲ့ဟာလေးတခု ပါပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် မေးချင်ပါတယ်။

 

၁၉၈၉ ခုနှစ် အာဇာနည်နေ့ချီတက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ကုန်းကို အန်အယ်လ်ဒီအဖွဲ့ဝင် တွေတက်ရောက်မယ် အလေးပြုမယ်ဆိုလို့ ဒီအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကတိစကားကြောင့် အားလုံးတက်ရောက်ခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ အာဇာနည်နေ့ချီတက်ပွဲနားနီးကာမှ ကပ်ပြီးတော့ ဖျက်လိုက် တဲ့အတွက် အန်အယ်လ်ဒီသစ္စာခံ နောက်ပါတွေဟာ ဒုက္ခလှလှ တွေ့ခဲ့ကြရပါတယ်။ ပြေးသူပြေး၊ အဖမ်းခံရသူ ခံရ၊ ထောင်ဝင်ရသူဝင်ရနဲ့ ဘ၀တွေပျက်ကုန်ကြပါတော့တယ်တဲ့ ဆိုပြီး တော့ ဒေါက်တာလွဏ်းဆွေက ရေး ထားပါတယ်။ အဲဒါကြောင့် ဒီလိုခေါင်းဆောင်မှုကတိ ဖောက်ဖျက်ခဲ့တဲ့အတွက် ဒီနောက် လိုက် နောက်ပါတွေ ဟာ ဒုက္ခရောက်ကြရတယ်ဆိုတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအဖြေပေးလိုပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တထောင့်ကိုးရာနဲ့ ရှစ်ဆယ်နဲ့ကိုးခုနှစ် အာဇာနည်နေ့နဲ့ ပတ်သက်လို့ အာဇာနည် ကုန်းကို ချီတက်ရေး အစီအစဉ်ကို ကျမကိုယ်တိုင် တာဝန်ယူပြီး ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ အစီအစဉ်ပြောင်း သင့်လို့ ပြောင်းခဲ့တာပါ။ အကျိုးဆက်တွေကိုလည်း တာဝန်ယူပါတယ်။ အစီအစဉ် ပြောင်းတာကို မသိလို့ပဲ လား၊ လက်မခံလို့ပဲလား သွားခဲ့တဲ့သူတွေထဲမှာ ဘ၀ပျက်ခဲ့ကြတယ် ဆိုတာကိုတော့ မကြားခဲ့ပါဘူး။ ကျမ သိ သလောက်တော့ ချီတက်တဲ့သူတွေထဲမှာ နှစ်ရှည်ထောင်ဒဏ် ကျတာ တောင်မှ မရှိခဲ့ပါဘူး။ အစီအစဉ် ပြောင်း လဲကြောင်း စာရွက်ဝေတဲ့ အမျိုးသမီး (၃) ယောက်တော့ (၃) နှစ် အကျဉ်းကျခဲ့ ပါတယ်။ ချီတက်ပွဲကို မတက် တဲ့သူတွေလည်း အဲဒီအချိန်မှာ တော်တော်များများ အကျဉ်းကျခဲ့ပါတယ်။ ဒါက န၀တရဲ့အစီအစဉ်အရပါ။ ကျ မတို့ရဲ့ အာဇာနည်ကုန်းအစီအစဉ်နဲ့ ဘာမှမဆိုင်ပါဘူး။

အာရ်အက်ဖ်အေမှ အသံလွှင့်ကောက်နုတ်ချက်မှ--

5/6/ 2011 (သူရိယ)

----------------------------


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment