Monday, 4 July 2011

[လွပ်လပ်ခြင်း] New doc: အကောင်းမြင်သမားရဲ့  အမှန် မြင်ခြင်းနှင့် အဆိုးမြင်သမားရဲ့  အကောင်းမြင်ခြင်း

created the doc: "အကောင်းမြင်သမားရဲ့  အမှန် မြင်ခြင်းနှင့်  အဆိုးမြင်သမားရဲ့  အကောင်းမြင်ခြင်း"
Htet Aung created the doc: "အကောင်းမြင်သမားရဲ့  အမှန် မြင်ခြင်းနှင့် အဆိုးမြင်သမားရဲ့  အကောင်းမြင်ခြင်း"

အကောင်းမြင်သမားရဲ့  အမှန် မြင်ခြင်းနှင့်  အဆိုးမြင်သမားရဲ့  အကောင်းမြင်ခြင်း

 အကောင်းမြင်သမားဆိုတာကတော့ အကောင်းဖြစ်လာဖို့အတွက် ဘယ်အလုပ်မဆို စ မလုပ်ခင် ကထဲက အမှားအမှန် အကောင်းအဆိုးအကျိုးအပြစ်တွေကို ဝေဖန်ဆန်းစစ် ပိုင်းခြားပြီး အကောင်း တွေဖြစ်ဖို့ အမှန်မြင်၊ အမှန်ပြော၊ အမှန်လုပ်ပြီး၊ ရည်ရှည် အကျိုးအတွက် ကြည့်တတ်ကြပါတယ်၊

အဆိုးမြင်သမားကတော့ ကိုယ်ထင်တာကိုယ်လုပ် ပြီး အကောင်းတွေလုပ်နေတာဘဲလို့ ပုံချတတ် ပါတယ်၊

 အကောင်းမြင်သမားတယောက်ကတော့ အမှန်တရား အတွက်ပြောရဲ ပါတယ်။ ဘာကြောင့်လဲဆို တော့ အမှားတွေကို အစကထဲက မလုပ်ခဲ့လို့ပါဘဲ၊ တကယ်လို့ အကောင်းမြင်သမားလုပ်လို့ တာဝန်ခံ ပြစ်ဒဏ်ခံရမယ်ဆိုရင်လဲ ထွက်ပြေးမဲ့သူတွေ မဟုတ်သလို လာမဲ့ဘေးပြေးတွေ့မဲ့သူတွေ ပါဘဲ၊

 အဆိုးမြင်သမားကတော့ အများအကျိုးအတွက်ထက် ကိုယ့်အကျိုးအတွက် အရင်ရ အောင် လုပ်တတ်ပါတယ်၊ ကိုယ့်အတ္တအတွက်လုပ်ခဲ့လို့ အမှားတွေ့ရင်လဲ ဘယ်တော့မှမခံပါဘူး။ လွတ်ရာရုန်းထွက်ပြေးကြတာပါဘဲ။ ဒီတော့ အမှားမြင်သမားဆိုတာ ဒုက္ခတွေ့ရင် ဘယ်တော့မှာ ဒဏ်မခံသလို ရမဲ့အပေါက်ကိုဘဲ လိုက်ရှာတတ်ပါတယ်။

 

 အဆိုးမြင်သမားက ကိုယ်ရပြီးမှ အများ အတွက် လုပ်နေတာလို့ အသံကောင်း ဟစ်တတ်ကြ ပါတယ်၊ အကောင်းမြင်သမားကတော့ ကိုယ် ယုံချက်အပေါ်တန်ဘိုး ထားတတ်ကြ ပါတယ်၊ မယုံကြည်ဘဲနဲ့ ဘယ်အလုပ်ဖြစ်ဖြစ် သိန်းထောင် ချီပေးလဲ လုပ်မဲ့သူတွေ မဟုတ် ကြပါဘူး၊ အဆိုးမြင်သမားကတော့ ကိုယ့်အတွက် အကျိုးရှိမယ် ဆိုရင် ယုံကြည် ချက်မရှိ ပန်းတိုင်မရှိ ဖြစ်သလို မီးဆင်ကပြီး အရိုးမရှိတဲ့လျှာလေးနဲ့ မရှက်မ ကြောက်ကိုယ့်စကား တန်ဘိုးမထား ပြောတတ်ကြပါတယ်၊

 

အကောင်းမြင်သမားကတော့ ပြောပြီးသားစကားကို တာဝန်ခံသလို ကတိတွေကိုလဲ လွယ်လွယ် မပေးတတ်ကြပါဘူး။ အဆိုးမြင်သမားကတော့ စကားလွယ်လွယ်ပြော ကတိတွေလွယ်လွယ်ပေး ဘယ်တော့မှ တာဝန်မခံပါဘူး၊ ဒါကြောင့် အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားတွေဟာ အ ရှေ့နဲ့အနောက် တောင်နဲ့မြောက် ဖြစ်တတ်ကြပါတယ်။

ဒါပေမဲ့လမ်းဆုံးတော့ရွာတွေ့ဆိုသလို နိဂုံး ချုပ်ရင်တော့ အဖြေမှန်ထွက်လာတတ်ကြပါတယ်၊ အကောင်းမြင်သမားတွေက သမိုင်းကောင်း တွေရေးရဲကြပါတယ်။

အဆိုးမြင်သမားတွေက သမိုင်းကောင်းတွေ မရေးရဲလို့ သမိုင်းကောင်းမရှိပါ၊ စာရေးဆရာက အကောင်းမြင်သမားရဲ့ အမှန်မြင်ခြင်းနဲ့အဆိုးမြင်သမားရဲ့အကောင်းမြင်ခြင်းကို ဒီလို နိဂုံးချုပ် ထားပါတယ်၊

 

 အကောင်းမြင်သမားကတော့ အမှန်မြင်ထားပြီးသားဖြစ်လို့ အစ အ လယ် အဆုံး အမှန်ကို သာပြောသွားလို့ အတိတ်ရှင်း ပစ္စုပန်ရှင်း အနာဂါတ်မှာလဲ ရှင်းရှင်း လင်းလင်း နေသွားနိုင်ပါတယ်၊ အဆိုးမြင်သမားရဲ့ အကောင်းမြင်ခြင်းကိုတော့ ဒီလို ဒီလို လှလှပပ နိဂုံးချုပ်ထားပါတယ်၊

 

အိပ်ယာပေါ်မှာ လဲနေတဲ့ လူနာ(၂)ယောက်ကိုပြထားပါတယ်၊ တယောက်က ပြူတင်းပေါက် အ နားမှာနေရတဲ့သူ တယောက်ကနံရံနားမှာနေရတဲ့သူ စကားဘဲပြောနိုင်ကြတာ မထနိုင်ကြဘူး။ ပြူတင်းပေါက်အနားကလူကလဲ အပြင်ဘက်ဘဲ ကြည့်နေသတဲ့။

နံရံနားကလူကလဲ အပြင်ဘက်ရဲ့ မြင်ကွင်းတွေ ကြည့်ချင်တော့ ပြူတင်းပေါက်နားကလူကို မေးသတဲ့။

 

 ပြူတင်းပေါက်နားကလူက အဆိုးမြင်သမားဆိုတော့ အမှန်ကိုဖုံးကွယ်ပြီး သူ့ခံစားချက်အတိုင်း သူများတွေ သက်သာအောင် အကောင်းမြင် ပြောလိုက်ပါတယ်တဲ့။ အပြင်ဘက်ရဲ့ စိမ်းလမ်းတဲ့ ရှုခင်းတွေအကြောင်း လူတွေသွားလာလုပ်ရှားနေတဲ့အကြာင်း ဝေေ၀ ဆာဆာ ပြောလိုက်ပါတယ် တဲ့။

 

ဒီတော့ လူ့သဘာဝအတိုင်း နံရံနားကလူက ပြူတင်းပေါက် နားကနေရာကို နေချင် လာတာ ပေါ့ ။ တနေ့တော့ ပြူတင်းပေါက် နားက လူက အသဲအသန် အသက်ငင်နေတော့ နံရံနားကလူက သူနာပြုဆရာမ ခေါ်တဲ့ ဘဲမနှိပ်ပဲ သူ့နေရာ နေချင်ဇောနဲ့ တဖက်လှည့်ပြီး မမြင်ချင် ဟန်ဆောင် နေသ တဲ့။ ဒါနဲ့ ပြူတင်းပေါက်နားကလူလဲ ဆုံးသွားတော့ နံရံနားက လူကလဲ ပြူတင်းပေါက်နား ပြောင်းရ တာပေါ့။

သူကြည့်ချင်တဲ့ ပြူတင်းပေါက် ကနေ ကြည့်လိုက်တော့ အုတ်နံရံကြီးသာမြင်ရသတဲ့ ။

တကယ်လို့ အခြေခံ စလုပ်ကထဲက အမှန်မြင် အမှန်ပြော အမှန်လုပ်ခဲ့ရင် သူလဲ မသေနိုင်ဘူးပေါ့ ။ အ ခုတော့ မတရားတဲ့နည်းနဲ့အကောင်းပြောချင်တော့လိမ်လိုက်ရလို့ အဆိုးမြင်သမားဖြစ်သွားတာ ပေါ့။ ဒီလို အဆိုးမြင် သမားဖြစ်ပြီးမှအကောင်းမြင်လဲ ဘာမှအကျိုး မရှိတဲ့ အကြောင်းပါဘဲခင်ဗျာ၊ ၊

 

ဌေးဇော်(အင်းဝ) 28/5/2011


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment