Monday, 4 July 2011

[လွပ်လပ်ခြင်း] New doc: လွတ်ငြိမ်း ချမ်းသာခွင့်(သမိန်စစ်မုန်း)

created the doc: "လွတ်ငြိမ်း ချမ်းသာခွင့်(သမိန်စစ်မုန်း)"
Htet Aung created the doc: "လွတ်ငြိမ်း ချမ်းသာခွင့်(သမိန်စစ်မုန်း)"

အသူရာဘုံ- ငရဲပြည်ရှိ ယမမင်းကြီး တရား ရုံးတော်သို့ မြွေသတ်မှု။ ခွေးသတ်မှု၊ နွားသတ်မှု လူသတ်မှု စသည့် အသီးသီးသော အမှု တို့ ဖြင့် စစ်ဆေးခံရန် လူ ၄ ဦးရောက်ရှိလာသည်။

 

ယမမင်းကြီး။ ။-- မြွေသတ်မှု။ -နံပတ်(၁) တရား အစစ်ခံမယ်။ မှန်ရာ ထွက်ဆိုစေ။

နံပတ်(၁) ။ ။-- တောကြီးမြွေဟောက် တစ်ကောင်က တွေ့ ရာ သတ္တ၀ါနဲ့ လူတွေ အနိုင်ကျင့် လိုက်ကိုက် သတ်နေလို့ ကျွန်တော်မျိုး ကာကွယ်တဲ့ အနေနဲ့ သတ်လိုက်ခဲ့တာပါ။

ယမမင်းကြီး။ ။--

အနိုင်ကျင့်တဲ့ အကျင့်ဆိုး ရှိတဲ့ သတ္တ၀ါ သတ်မိတာ ဖြစ်လို့ အပြစ်က လွတ်စေ မောင်မင်း။

 

ယမမင်းကြီး။ ။-- ခွေးသတ်မှု၊-နံပတ်(၂) တရားအစစ်ခံမယ်။ မှန်ရာ ထွက်ဆိုစေ။

နံပတ်(၂) ။ ။-- အရေးတကြီးကိစ္စနဲ့ တောလမ်းကို ဆိုင်ကယ် အမြန် ဖြတ်စီးလာတုန်း သားကောင်မဲပြီး လိုက်ဖမ်းတဲ့မြေခွေးကို ဘရိတ်ဖမ်းချိန် မရလိုက်ပဲ အမှတ်တမဲ့ တိုက်မိတာပါ။

ယမမင်းကြီး။ ။--

အရိုင်းအစိုင်း သတ္တ၀ါ သတ်မိတာ ဖြစ်လို့ အပြစ်က လွတ်စေ မောင်မင်း။

 

ယမမင်းကြီး။ ။-- နွားသတ်မှု။ - နံပတ်(၃) တရားအစစ်ခံမယ်။ မှန်ရာ ထွက်ဆိုစေ။

နံပတ်(၃)။ ။-- မ-စိတ်မွှန်ပြီး မြိုင်ထ မိတ်လိုက် မြူးတူး ပျော်ပါးရင်း ပြေးလာတဲ့ နွားက မောင်းလာတဲ့ ကားကို မမြင်ဘဲ ကျွန်တော်မျိုး အရှိန်နဲ့ မောင်းလာတဲ့ ကားရှေ့ ရောက်လာပြီး မတော်တဆ ကားတိုက်မှု ဖြစ်ကာ သေဆုံးသွားတာပါ။

ယမမင်းကြီး။ ။--

အသိဥာဏ်မဲ့တဲ့ သတ္တ၀ါ သတ်မိတာ ဖြစ်လို့ အပြစ်က လွတ်စေ မောင်မင်း။

 

ယမမင်းကြီး။ ။-- လူသတ်မှု။ - နံပတ်(၄) တရားအစစ်ခံမယ်။ မှန်ရာ ထွက်ဆိုစေ။

နံပတ်(၄)။ ။-- ကျွန်တော်မျိုးတို့ ရွာကို စစ်တပ်က လာပြီး ပေါ်တာ ဆွဲတယ်။ အခမဲ့လုပ်အားပေး လာခေါ် တယ်။ မလိုက်နိုင်ရင် ငွေတောင်းတယ်။ မပေးနိုင်ရင် အာဏာ ဖီဆန်မှုနဲ့  တရားစွဲ ထောင်ချတယ်။ တခါတရံ ခြေနဲ့ ကန်တာ ပါးရိုက်တာတွေလဲ လုပ်တယ်။ သည်းမခံ နိုင်လွန်းလို့ တွေ့ရာ တုတ်နဲ့ရိုက်လိုက်တာ စစ်ဗိုလ် တစ်ယောက် ပွဲချင်းပြီး သေသွားပါတယ်။

ယမမင်းကြီး။ ။--

ဟယ်။--- အနိုင်လဲကျင့်၊- ရိုင်းလဲရိုင်း၊- အသိဥာဏ်လဲ မဲ့တဲ့ သတ္တ၀ါ ကို သတ်မိတာ ဖြစ်လို့ အပြစ်က လွတ်စေမောင်မင်း။

 

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။

လေးစားလျှက်

သမိန်စစ်မုန်း 11/6/201


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment